ပထမဆုံးပြောချင်တာက castingsတွေအရမ်းအားရတယ်။ mainဖြစ်တဲ့ Zhang LingHeနဲ့ Tian Xi Weiက အစ အရံတွေရဲ့ chemistryက မိမိုက်နေရော။ novelမဖတ်ဖူးလို့ ဇာတ်လမ်းအတိအကျမသိပေမယ့် ခုထိထွက်ထားသမျှအပိုင်းအထိကတော့ ဇာတ်က အတက်ကြီးပဲ။ မင်းသားနဲ့ မင်းသမီးရဲ့ chemistryကလည်း အရမ်းအသည်းယားဖို့ကောင်းတယ်။ ကြည့်နေရင်းကို ကလိကလိပဲ ။ ခုထိကတော့ ဇာတ်လမ်းက ပါးပါးလေးပုတ်ခါစပဲရှိသေးတာဆိုတော့ နောက်ပိုင်းဇာတ်ရှိန်အရမ်းတက်မယ့် အပိုင်းတွေအတွက်ကို အများကြီးမျှော်လင့်နေပါပြီ။
Was this review helpful to you?
